Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

သဒ္ဒါပါရမီ ဖြည့်ကြရအောင်လား.......

အားလုံးလဲဆုတောင်း မေတ္တာပို့သပြီး ပြတ်တောက်နေတဲ့ ဖုန်းနဲ့အင်တာနက်
တွေ ကြောင့် အဆက်အသွယ် ပြတ်နေတဲ့မိ
သားစုတွေအတွက် စိုးရိမ်နေ
ကြမယ်ဆိုတာ ကိုယ်ချင်း
စာမိပါတယ်.. ကျွန်မကိုယ်တိုင်လဲ ကိုင်သူမရှိတဲ့
ဖုန်းတွေ
လိုက်နှိပ်ရင်း အရမ်းကိုစိုးရိမ် နေတာပါ…..

နောက်ဆုံးဝင်လာတဲ့ သတင်းအရ လူသေဆုံးမှုဟာ ၁၀,၀၀၀ အထက်ရှိ
နိုင်တယ် လို့ခန့်မှန်းထားတဲ့ အပြင် အိမ်ခြေပေါင်းများစွာ
လဲပျက်စီး ခဲ့တဲ့
အတွက်.. လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ထိ
ခိုက်ဒဏ်ရာ ရကြောင်းသိရှိပြီး
ဖြစ်ပါတယ်….ဒီသတင်းမှန်ခဲ့ မယ် ဆိုရင် ၂၀၀၄ မှာဖြစ်ခဲ့တဲ့ Tsunami
ပြီးရင် မြန်မာ့မုန်
တိုင်းဟာ အာရှမှာ အပျက်စီးဆုံးနဲ့ အသေကြေ ဆုံး သ
ဘာဝ ဘေးဖြစ်တယ်လို့
New York Time မှာဖတ်လိုက်ရပါတယ်.

ဒီလိုပူဆွေးသောက ရောက်နေတဲ့ ကျွန်မတို့ချစ်တဲ့ မြန်မာ ပြည်သား များအတွက်
ဆုတောင်းပေးတဲ့ အပြင် သူတို့
လေးတွေရဲ့ဆုတောင်းသံများကို ဖြည့်ဆည်း
ပေးနိုင်
သူများအဖြစ်ဝိုင်းဝန်း အားထုတ်ဘို့အားလုံးကို ဖိတ်ချင်ပါတယ်…

US မှာရှိနေတဲ့ ကျွန်မနဲ့ သူငယ်ချင်းတစုက ပျက်စီးမှု ပိုများတဲ့ ဧရာဝတီတိုင်း
ကနောင်/နှမတော်တွေရဲ့ ဆုတောင်းသံကို
ဖြည့်ဆည်းပေးဘို့ စီစဉ်နေပါတယ်..။
ဧရာဝတီတိုင်းက NGOs
အပြင် အစစ အရာရာနဲ့ အလှမ်းဝေး တယ်မဟုတ်လား

US မှာရှိတဲ့ သူငယ်ချင်းတွေကိုလဲ ပါဝင်ဘို့ခေါ်ဖိတ်ပါတယ်..တတ်နိုင်သလောက်
ပေါ့နော်.. အလုပ်ချိန်နဲနဲ ပိုလုပ်ပြီး
သဒ္ဒါပါရမီဖြည့် ကြရအောင်လား..

If you wanted to contribute your generosity, you could reach us at the following email.
myintw@greenmtn.edu

burmagirl@gmail.com

cyclamen.Mom@gmail.com

မလေးရှားနိုင်ငံအတွက်တော့ဒီမှာ ဆက်သွက်ပါ

မည်သည့်နိုင်ငံရေးမျှမရောလျှက်ပါ။ကျွန်တော့်နိုင်ငံအတွက်တက်အားသ၍အလှူလိုက် ခံနေသူဖြစ်ပါသည်။ ကျွန်တော်သည် မလေးရှားနိုင်ငံတွင်နေ ထိုင်နေသောကြောင့်ဆက်သွယ်မည်ဆိုပါက ဖုန်း-0173109722 ဖုန်း-0162645761 blankpaperofme@gmail.com. ordinaryguyz@gmail.com

အသေအပျောက် တွေသိချင်တယ်ဆိုရင် ဒီမှာ click here, here, here,
and here, နော်.

For Pictures Click here and here.

P.S Latest news အတွက် Latest News section မှာဟတ်လို့ရတယ်ရှင့်။ ။

ှု

“Generosity consists not the sum given, but the manner in which it is bestowed”

Unknow

ဖြစ်တည်မှု

~~~ဖြစ်တည်မှု~~~


အလင်းနဲ့
အမှောင်


တလှည့်စီြ
ဖစ်တည်နေတဲ့


လောက
ဓမ္မာတာမှာ


နေညိုဆည်းဆာ
အချိန်ကို လွမ်းဆွေးမှုနဲ့


အကျည်းတန်
မဆန်စေချင်သလို


အလင်းရောင်တွေ
သယ်ဆောင်လာမဲ့


နေမင်းကြီးအတွက်လဲ


တင်ကြို
မပျော်မြူးချင်ဘူး


ဒါပေမဲ့


အမှောင်ညကို
ဖြိုခွင်းမဲ့


နီယွန်မီးနဲ့


နေမင်းရဲ့
အလင်းတန်းကို ၀ါးမြိုမဲ့


တိမ်ညိုတွေရဲ့


ဖြစ်
တည်
မူ့ ကိုတော့


မလိုလား
မိတာ


အမှန်ပဲ...


ထူးဆန်းသော ဘဘကြီး

တနေ့သ၌ ဘဘကြီးကိုမြေးလေးက မသိတာများကိုမေးလေသည်။

မြေးလေး။ ။ ဘဘကြီးလူတွေအများကြီးပဲနော်။ အဲဒီလူတွေက ပုံးထဲက
စာလေးတွေထည့်ထည့်သွားတယ်နော်။ အပေါ်မှာလဲ အမှား

ခြစ်ကြီးတွေခြစ်ထားတယ်နော်။ ဘာလို့လဲဟင်။
ဘဘကြီး။ ။ အေး…မြေးလေးရဲ့အဲဒါ စာပေါ်ကအမှားခြစ်လေးတွေ
က အရေးကြီးတဲ့စာတွေမို့လို့ အမှားအယွင်းမရှိအောင်လုပ်ဆောင်ပေး
ပါလို့ရေးထားတာလေ။

မြေးလေး။ ။ ဘဘကြီးက အဲဒီစာလေးတွေကိုဘာလုပ်ပေးရတာလဲ
ဟင်။
ဘဘကြီး။ ။ ဘဘကြီးက အဲဒီစာလေးတွေကို မှန်ကန်အောင်ဆောင်
ရွက်ပေးရတာလေ။

မြေးလေး။ ။ ဟုတ်လား…ဘဘကြီးက အရမ်းသဘောကောင်းတာပဲနော်။
မြေး အပြင်ခဏထွက်ဆော့လိုက်ဦးမယ်နော်…ဘဘ။
ဘဘကြီး။ ။ အေးအေး…ဘဘကြီးလဲလုပ်စရာရှိတာလုပ်လိုက်ဦးမယ်။

မြေးလေးထွက်သွားပြီးနောက် ဘဘဆိုသောလူကြီးသည် ပုံးထဲမှအမှား
ခြစ်ထားသော
စာများကို ထုတ်ပြီး အမှန်ခြစ်ထဲသို့လဲထည့်နေသည်။
အဲဒီအချိန်မှာမြေး
လေးပြန်ဝင်လာပြီး..........

မြေးလေး။ ။ ဟင်ဘဘကြီးအဲဒါဘာလုပ်တာလဲဟင်…။
ဘဘကြီး။ ။ ဪမြေးလေးပြန်ရောက်လာတာလား။ အင်းဘဘကြီးက
ဒီအမှားခြစ်ထားတာတွေကို အတည်ပြုပေးနေတာလေ။ အဲဒီတော့ ဒီအမှား
ခြစ်ထားတာလေးတွေကို အမှန်ခြစ်လေးတွေနဲ့ပြောင်းထည့်ပေးနေတာလေ။

မြေးလေး။ ။ ဘဘကြီးက အရမ်းသဘောကောင်းတာပဲနော်။ အမှန်ခြစ်လေးတွေနဲ့အတည်ပြုပေးနေတယ်ဆိုတော့။ မြေးလေးကိုလဲဘဘကြီး
လိုဖြစ်အောင်သင်ပေးနော်။

မြေးလေးကိုလဲ အဲလိုသင် ပေးတဲ့။ ကဲ…ဘယ်လိုလုပ်ကြမလဲ။ ဘဘကြီးကတော့တော်တော်သဘောကောင်းတာနော်။ အမှားခြစ်လေးတွေကို အမှန်လေးတွေနဲ့တောင်လဲပေးထားတာ။

Apprenticeship မှာတော့ ကြားလိုက်ရတဲ့ သူငယ်ချင်း ရဲ့သဘောကောင်း
သော ဘဘကြီး ကြောင့် Frustrated ဖြစ်လွန်းလို့ Depression ၀င်သွားပါ
တော့တယ်။ ဆေးတွေများ ရှိရင်လုပ်ပါဗျို့...... :(

ကဲဒီဘဘကြီးတွေ နဲ့ဘယ်လိုလုပ် ကြမလဲ?????????????????????????

အမည်မဖော်လိုသော သူငယ်ချင်း တယောက်ရဲ့ထူးဆန်းသော ဘဘကြီး
အကြောင်းကို သူငယ်ချင်းတွေ ခံစားနိုင်ဘို့ တင်ပြလိုက် ၇ကြေား ပါရှင့် ။ ။

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)