Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ကမ္ဘာ့လူသားများ ငြိမ်းချမ်းရေး ရရှိပါစေ...

စက်တင်ဘာလ ၂၁ ရက်နေ့ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံး ငြိမ်းချမ်းရေးကို တန်ဖိုးထား မြတ်နိုးတတ်ပြီး ၊ လူသားအချင်းချင်း အပြန်အလှန် စာနာနားလည်ဖို့ ၊ အပြန်အလှန် လေးစားချစ်ခင်ပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ငါ့လူမျိုး ၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အစည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့ လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်တစ်ကယ် ဖြစ်တည်နေပါတယ်။ ကမ္ဘာ့လူသားအားလုံးရဲ့ မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီ မတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြရရင် ပိုမကောင်းဘူးလား…….?

မေတ္တာတရားကသာ အနာဂတ် ငြိမ်းချမ်းမှု အတွက် တစ်ခုတည်းသော အဖြေပါ...။ ငါဆိုတဲ့ အတ္တစည်းဝိုင်း အပြင်ဘက်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အခြားသူများအပေါ်၊ သတ္တ၀ါအားလုံးအပေါ်၊ ဒီကမ္ဘာမြေကြီး အပေါ် ထားတဲ့ မေတ္တာ တရားပေါ့နော်..။

တရားမျှတမှု့ဟာ ငြိမ်းချမ်းခြင်းရဲ့ ဖခင်ဆိုရင်မှားမယ်မထင်ဘူးနော်..။ တစ်ကယ်တော့ “ငါ” ဆိုတဲ့ လူသားအားလုံးတို့ဟာ ကမ္ဘာ့ မိသားစုဝင်တွေ မဟုတ်လား….? ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ ထားခဲ့ပြီး ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်လာမယ့် ရလာဒ်(ဆိုး/ကောင်း)တွေ အတွက် တာဝန်ယူတတ်သူများဖြစ်ဖို့ အရေးကြီးပါတယ် ။ ကိုယ့်အသက်ရှင်ခြင်းကနေ သူတစ်ပါးရဲ့ အသက်ရှင် ရပ်တည်မှု့အပေါ် တန်ဖိုးထားလေးစား မြတ်နိုးတတ်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်တဲ့ သူများဖြစ်အောင် ကြိုးစား အားထုတ်ကြရအောင်လား… ။ သူမှန်တယ် ငါမှန်တယ် ဆိုပြီး အငြင်းပွား စစ်ခင်းနေကြမယ့် အစား မေတ္တာတရားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားကြရင် ပိုမကောင်းဘူးလား ?

ငြိမ်းချမ်းခြင်းရဲ့ အနစ်သာရကို ခံစားနိုင်ပြီး ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးနိုင်တဲ့ လူသားဆန်တဲ့ လူပီသတဲ့ လူသားများ ဖြစ်နိုင်ကြပါစေ… ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ…….. မေတ္တာစက်ဝိုင်း အတွင်းမှ လူသားအားလုံးကို လေးစားချစ်ခင်လျက်…. AP
ငြိမ်းချမ်းရေး သေနတ်ပစ်ခတ်ကြပါစို့:D
Photo by me(AP)
You are the Reason

Edit လုပ်ပေးတဲ့ ကိုရင်ညိန်းအား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

10 comments:

Unknown September 20, 2008 at 8:59 PM  

မတူညီမှုတွေ အတွက် အငြင်းပွား၊ စစ်ခင်းနေကြမယ့် အစား အဲဒီမတူညီမှုတွေထဲကနေ မတူညီတဲ့ အလှအပတရားတွေကို အတူခံစားကြ
ရအောင်............

Anonymous September 20, 2008 at 9:28 PM  

ရွေ့နိပ်ဟ
ငါ့လူမျိုး၊ ငါ့ယဉ်ကျေးမှု၊ ငါ့နိုင်ငံ၊ ငါ့ဘာသာတရား၊ ငါ့ယုံကြည်မှု့၊ ငါ့ အဖွဲ့ အ
စည်း အစရှိတဲ့ “ငါ” ဆိုတဲ့ အတ္တအစွဲတွေရဲ့လောင်းရိပ် တစ်ဘက်မှာ ငြိမ်းချမ်းခြင်းဆိုတာ အမှန်
တစ်ကယ်ဖြစ်တည်နေပါတယ်။
ဟုတ်လိုက်လေဗျာ တကယ်ပဲ `ငါ´စွဲတွေမပယ်နိုင်ကြ သေးတာပါ။ ဒါပေသည့်ပုထုစဉ်ဆိုမှတော့ အတ္တဆိုတာ အနည်းနဲ့အများတော့ဘယ်ကင်းနိုင်ကြပါ့မလဲ။ သူ၊သူမ၊နင်၊ငါ စတာတွေပယ်ဖျောက်နိုင်ပြီဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံးသာယာလှပပါပြီ။

megumi September 20, 2008 at 10:53 PM  

မှန်မှမှန်။ မတူညီတဲ့ ခံယူချက်တွေကို အပြန်အလှန် နားလည်လက်ခံပေးကြရင် ကမ္ဘာကြီးဟာ ငြိမ်းချမ်းနေမှာပါ။ :P :P

မသက်ဇင် September 21, 2008 at 1:30 AM  

"ကမ္ဘာ့လူသားများ ငြိမ်းချမ်းရေး ရရှိပါစေ..."
ကောင်းလိုက်တဲ့ ခေါင်းစဉ်လေးနော်
လူသားတိုင်း ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဘိုး
ထားကြတယ်နော်-----။
လူသားတွေအကျိုးအတွက် မသက်ဇင် တို့ တစုံ
တခု ပြုလုပ်နိုင်ကြမှာပါ---
ချစ်ခင်လျက်
မသက်ဇင်

Taungoo September 21, 2008 at 1:37 AM  

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို အားလုံးသတိရအောင် နှိုးဆော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အမရေ။

မေတ္တာဖြင့်

ကိုအောင် September 21, 2008 at 3:28 AM  

မြန်မာပြည်က စစ်အာဏာရှင်တွေက အဲလို သေနတ်မျိုး
ရခဲ့ရင်တောင် ပြန်ဖြောင့်ပြီး ပစ်မှာ ညီမရေ။ ပို့စ်လေးက
အရမ်းကောင်းတယ်။

ရွှေပြည်သူ (ShwePyiThu) September 21, 2008 at 10:28 AM  

မ Apprenticeship ရေ ငြိမ်းချမ်းရေးဟာ အကောင်းဆုံးလို့ အားလုံး သိနေကြပေမယ့် ခုချိန်ထိ နိုင့်ထက်စီးနင်းနိုင်မှုတွေ တရားမမျှတမှုတွေ စစ်ပွဲတွေ ရှိနေသေးတာပဲနော်... အားလုံးတကယ် ငြိမ်းချမ်းကြမယ့်နေ့ကို မျှော်လင့်မိပါတယ်။ ဒီနေ့ “ကမ္ဘာ့ငြိမ်းချမ်းရေးနေ့”ဆိုတာ ဒီပို့စ်ဖတ်မှပဲ သိရတာပါ။ ကျေးဇူးတင်ပါတယ်နော်း)

ညမီးအိမ် September 21, 2008 at 4:12 PM  

ကျွန်တော်ဖတ်နေတဲ့အချိန်မှာတောင် ကမ္ဘာငြိမ်းချမ်းရေးနေ့ကိုတောင်ကျော်သွားပါပေါ့လား။ သိတောင်မသိဘူး ကိုမ ပြောမှသိတယ်။ ပိုစ်လေးအတွက်ကျေးဇူးပါ။

Chaos September 22, 2008 at 11:08 PM  

One world one dream
All our dreams is to have peace
but it's difficult to practice in reality.
ခေါင်းစဉ်လေးလိုပဲ ကမ္ဘာ့လူသားများ ငြိမ်းချမ်းရေး ရရှိနိုင်ပါစေ.......

Unknown September 23, 2008 at 2:23 PM  

ဘာလို့ ၂၁ ရက်နေ့ကို ငြိမ်းချမ်းရေးနေ့လို့ သတ်မှတ်လဲ သိလား? အဲ့ဒါကျွန်တော့်မွေးနေ့မို့ ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ပေးထားတာ :P

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)