Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ဘလက်ကြီးပြောတဲ့ Ap သဘောပေါက် :D

အားလုံးပဲ မင်္ဂလာပါရှင်း…..။
စာတွေမရေးတာကြာတော့ ဘယ်ကစရမှန်းတောင် မသိတော့အောင် လမ်းပျောက်နေခဲ့ တာ
ခဏလေး လွင့်သွားတာပေါ့နော်..ခဏလေးပါ… ခုတော့ အတွင်းအားတွေ မနဲဆုပီး ဘလောက်
ပေါ် ပြန်ရောက်လာ ပါပီ။ စာတွေမှန်မှန် ပြန်ရေးနိုင်အောင် ကြိုးစားသွားပါ့မယ်…။ ဆက်ပီး အား
ပေးကြပါနော်..။

စာတွေဆက်ရေးဘို့ အားပေးသံနဲ့ တစ်မျိုး၊ အမိန့်ပေးသံနဲ့ တစ်ဖုံ၊ နည်အမျိုးနဲ့ စာပြန်ရေုးဖြစ်
အောင် အားပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားပါရစေ
လား…။

အခုတော့လဲ ဘလက်ကြီးက “tag ထားတယ် သဘောပေါက်” ဆိုလို့ သွားကြည့်တာ ရေးပေးရ
မှာတဲ့..။ ဘလောက်မှာ ခုတစ်လော လိုက်ဖတ်ကြည့်တာ tag က အတော် စမ်းထ နေလေရဲ့..။
တကယ်တမ်း Tag တယ်ဆိုတာကို Ap သေချာတော့ နားမလည်ဘူး (အမှန်တော့ ဘလောက်
အထာတွေ ကိုရင်ငြိမ်းရဲ့ အငြိမ့် ကြည့်မှ သိသွားတာ အဲဒီအတွက် ကျေးဇူးပါ ကိုရင်ကြီးရေ...။

Facebook မှာတော့ ကိုယ်ရေးချင်တဲ့ Note တွေနဲ့ Art တွေ ပီးတော့ အစီအစဉ် တစ်ခုခု လုပ်
ချင်ရင် သူငယ်ချင်းတွေကို လာဖတ်၊ ကြည့်၊ စေချင်တာတွေကြောင့် Tag တာပါ..။ အဓိကအား
ဖြင့်information မျှဝေတဲ့ သဘောပေါ့..။

အခုတော့လဲ ကိုယ့်အကြောင်းကိုယ်ရေး ရမယ်ဆိုတော့ AP တို့နဲ့သိပ်တော့ မဟန်ဘူးလေး..။
အရမ်းခင်တဲ့ သူငယ်ချင်းတွေနဲ့ ပြောလေ့ရှိတာ တစ်ခုရှိတယ်..။ AP အကြောင်းမေးတိုင် Ap အ
တွက်သူများတွေ ရေးပေးမဲ့ Biography တွေထွက်လာမှ ဖတ်တော့လို့လေ..။ သချို့တော့ ပြော
တယ် မောင်နှမရင်းတွေလို ခင်နေတာတောင် မပြောလို့ စိတ်မကောင်းဖြစ်တဲ့ လူလဲဖြစ်ပေါ့
နော်။
ဒါပေမဲ့ ပေါင်းတာလဲကြာ အတွင်းတွေလဲသိလာတော့ သူတို့လေးတွေ လွတ်ထားပေးကြတယ်..။ မသေဆုံးခင်ဘ၀မှာ အတုယူစရာ သမိုင်းတစ်ခု ချန်သွားချင်တာတော့ Ap ရဲ့ရူးသွပ်မှုလို့ ခေါ်ချင်ခေါ်နိုင်တာပေါ့နော်…။ အဲလေ.. အကြီးကြီးတွေ ပြောပြန်ပီ..။ အရမ်းခင်တဲ့ ဘလောက်ဂါ
တစ်ယောက်က AP ကို အမြဲပြောတယ်လေ "အကြီးကြီးတွေ ပြောပြန်ပီလား အမြင်ကပ်တယ်တဲ့..။"
AP လဲဘယ်ရမလဲ အကြီးကြီးတွေ ဖြစ်အောင်ဒီလိုကြိုးစားနေတာပေါ့လို့ :D ။ ရင်လောက်မှန်းမှ
တော်ကာကျတာ မဟုတ်လား… သူငယ်ချင်းတို့ရေ….:D :D :D :P

ဟိဘယ်ရောက်သွား ပါလိမ့် ကိုယ့်အကြောင်းပြော ရာမယ်ဆိုလို့ နဲနဲ လွန်သွားပီ..
ဆောရီးးနော် :P
ဘလက်ကြီးရေ ကျေးဇူးပါ.. စာလေးရေးဖြစ်သွားအောင် အမိန့်လာပေးတဲ့ အတွက်.. ဇွတ်မိတ်
ပီးရေးလိုက်ပါပီ.. :D

ကိုယ့်ရဲ့နာမည်~~~~~~~~~~~~~~~~~~~~~~~~~~Apprenticeship (second meaning ကိုယူထားတာပါ.. ပညာရေးလုပ်ဆောင်မှုပေါ့နော်)

ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ~~~~~~~~~~AP, မအလုပ်သင်, ကိုမ, အစ်ကို (ဘ
လောက်ရေးစမှာ Man ထင်ပီး လာခေါ်ကြတာ :D)

ကိုယ်ဒီမှာနေတယ်~~~~~~~~~~~~~~~~~~~~~~~~ရှုခင်းအရမ်းလှတဲ့ မြို့လေးပေါ့
(အလည်
လာရင် ဒကာခံပါ့မယ်… :) )

ကိုယ့်ဆီဖုန်းဆက်ချင်ရင်~~~~~~~~~~~~~~~~~~~~out of service ဖြစ်နေတယ်တဲ့ :D

အရောင်ဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~အနက်ရောင်၊ အဖြူရောင် (ကျန်တဲ့
အရောင်တွေကိုလဲ ကြိုက်တယ်။ အမည်မပေးတတ်တဲ့ အရောင်တွေ ပိုတောင်ကြိုက်
သေး :D )

အ၀တ်အစားဆိုရင်~~~~~~~~~~~~~~~~~~~~~~~~လွတ်လွတ် လပ်လပ် ပေါ့ပေါ့ ပါးပါးနဲ့
( မှတ်ချက်..။ စတိုင် မပါ ပုံတုံးများ လုံးဝ မကြိုက်)

အစားအစာဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~လတ်ဆတ်တဲ့ အစားအစားများသာ

ပစ္စည်းဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~~~အသုံးလိုသလောက်ထက်
ပိုမကြိုက်ဘူး
(ကမ္ဘာ မြေကြီးလေးနေမှာ စိုးလို့ ကိုယ့်ကြောင့် ပိုမလေးစေချင်လို့)

သီချင်းဆိုရင်~~~~~~~~~~~~~~~~~~~~~~~~~~~ (ခံစားမှု (mood) အပေါ်မူတည်ပီး အားလုံးကြိုက်)

စာရေးစာဆရာ~~~~~~~~~~~~~~~~~~~~~~~~~~အများကြီးပေါ့ :)
စာအုပ်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~သမ္မာကျမ်းစာအုပ် နဲ့ Pedagogy of
the Oppressed
(ကျန်တာတွေ လဲအများကြီး)

Life style~~~~~~~~~~~~~~~~~~~~~~~~~~~~~အလင်းရောင်မရှိတဲ့ အမှောညတွေအတွက် အလင်းအိမ် ဖြစ်ချင်တယ်

ကိုယ့်ရဲ့ဝါသနာ~~~~~~~~~~~~~~~~~~~~~~~~~~အများကြီး :P

အလိုချင်ဆုံးလက်ဆောင်~~~~~~~~~~~~~~~~~~~~ရိုးသားမှု၊ တရားမျှတမှု နဲ့ နားလည်မှု

ကိုယ့်ရဲ့ အချစ်ဆုံးသူက~~~~~~~~~~~~~~~~~~~~~အများကြီး ( အိမ်မှာ အငယ်ဆုံးဆိုတော့ AP ကအားလုံးရဲ့အချစ်ဆုံးလေ အားလုံးကို မျှမျှတတ အချစ်ဆုံးတွေပေါ့ :D )

ကိုယ့်ရဲ့ အလေးစားဆုံးသူက~~~~~~~~~~~~~~~~~~Jesus and Mother Theresa

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက~~~~~~~~~~~~~~~~အများကြီးပေါ့…

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက~~~~~~~~~ဘုရားသခင် နဲ့ AP ကိုယ်တိုင်

ကိုယ့်ရဲ့ အမုန်းဆုံးသူက~~~~~~~~~~~~~~~~~~~~~အားလုံးကို ချစ်ခင်ပါတယ်။

ရင်အခုန်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~~အမောဆုံးအချိန် :D

အကြောက်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~သိပ်မကြောက်တတ်ဘူး (အမှောင် ကိုတော့ တော်တော် ကြောက်သား :D)

အပျော်ဆုံးအချိန်~~~~~~~~~~~~~~~~~~~~~~~~~~ကိုယ်ရဲ့ ပေးဆပ်မှုကြောင့် သူတစ်ပါး ပျော်ရွှင်နေတဲ့ အချိန်

အမှတ်တရနေ့~~~~~~~~~~~~~~~~~~~~~~~~~~~~Time to Celebrate ပေါ့။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု~~~~~~~~ လုပ်ဆောင်ချက်ပါတဲ့ ဆုတောင်းတိုင်း ရစမြဲမို့ အမြဲတောင်းတယ်..

အချစ်ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘုရားပေးတဲ့ အဖြူစင်ဆုံး နဲ့ အမြင့်မြတ်ဆုံး လက်ဆောင်။

အမုန်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~မရှိသင့်တဲ့ အရာ။

အလွမ်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~ညညတွေမှာ အိမ်မက်မက်တာပေါ့.. :(

သံယောဇဉ်ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~ရင်မှာ ညှိတဲ့ကြိုးလေး….။

ဘ၀ဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ရေးလို့မပီးသေးတဲ့ သမိုင်းစာမျက်နှာ..။

သူငယ်ချင်းဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~ဘ၀ရဲ့ ဆီမီး

ချစ်သူဆိုတာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဘ၀ စစ်ကူ လို့ထင်တာပဲ (ခုထိတော့ မကျွမ်းကျင်ဆုံး subject, F နဲ့ ကျတယ်။ ထပ်ယူရမယ်ပေါ့ US Grading System ဆိုရင်လေ :D)

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်~~~~~~~~~~~~~~~~~~~~~~~ အတောင်ပံတွေ ဖြန့်ဖို့ အားယူနေဆဲ ဘ၀ကျောင်းသူ

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က~~~~~~~~~~~~~~~~~~~~~~~ရိုးသားပါ….. မရိုးအပါနဲ့

အပြောချင်ဆုံးစကားတစ်ခွန်း~~~~~~~~~~~~~~~~~~~~~~~~ဘ၀ဟာ စမ်းသပ်မှုတွေ အများကြီးလုပ်ဖို့ အတွက် တိုတောင်း လွန်းပါတယ်။ အဲဒီအတွက် သူငယ်ချင်းတွေလဲ အားချိန့်နဲ့ စားပီး အားချိန့်နဲ့ လုပ်၊ အားချိန့်နဲ့ နေကြပါလို့…. :D ကဲ AP လဲ အိပ်မရတဲ့ ညလေးကို ဒီမေးခွန်းတွေ အပတ်တစ်ကုန် ဖြေဆို လိုက်ရ ပါကြောင်းပါရှင့်.. :D
အားလုံးပျော်ရွှင်ပါစေ……။

6 comments:

Unknown September 7, 2008 at 1:31 AM  

"အစ်ကို" လို့ခေါ်တယ်ဆိုတာ အနော့်ကို စောင်းရေးတာလား၊ တည့်တည့်ရေးထားတာလားဟင် ? :P

Unknown September 7, 2008 at 2:05 AM  

ခေါ်လိုက်အုံးမယ် အကို AP ဟီ...ဟိ.... F ရတယ်ဆိုတော့ ကြိုးတော့ကြိုးစားဖူးတယ်ပေါ့.....ဟီးးးးးးဟီးးးးးးးး

JulyDream September 7, 2008 at 3:31 AM  

အလည်လာရင် ဒကာခံမယ် ဆိုပဲ... ဒါဆို အလည်လာဖို့ အမည် စာရင်းပေးထားအုံးမှ။

ညမီးအိမ် September 7, 2008 at 8:55 AM  

ကိုမ တို့များ အနော့်ကိုသူငယ်ချင်းစာရင်းထဲတောင်မထည့်ထားဘူး။ တော်ပြီခေါ်တော့ဘူး။

T.S September 7, 2008 at 1:31 PM  

ဘ၀ စစ်ကူအတွက် လူရှာပေးဖို့လိုရင် ပြောနော် ... ကြော်ငြာမှာ ထည့်ပြီး၇ှာပေးမယ်... အားနာနဲ့ ... ဟီး ဟီး ... :P

Mhaw Sayar September 13, 2008 at 12:54 PM  

AP ရေ... ကိုယ်တိုင်ရေး ကိုယ့်အကြောင်းကို လာဖတ်သွားတယ်ဗျာ..
တစ်ခါတစ်လေတော့လည်း ဒီလို အကြောင်းအရာလေး တွေက တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့၊ ကူညီဖို့ အတွက် အဖိုးတန် အချက်အလက်တွေပါပဲဗျာ..

ရည်ရွယ်၊ ရည်မှန်းတာတွေ လိုအင်ဆန္ဒတွေနဲ့ အားလုံးပြည့်စုံ နိုင်စေဖို့ ဆုတောင်းပေးသွားပါတယ်ဗျို့. :)

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)