Pann Pyo Latt

မျိုးစေ့တိုင်း ရှင်သန်ပီး ဖူးတဲ့ ပန်းတိုင်းပွင့်စေ၊ ပွင့်တဲ့ ပန်းတိုင်းမွှေးစေဖို့ ပညာမြေသြဇာ ကျွန်မရွေးခဲ့တယ်

ဒီလိုမဖြစ်ရ လေအောင် :D :P :)

ကြိုဆိုပါတယ်

အာဖရိကတိုင်းပြည်တစ်ခုမှာ NGO အလုပ်သွားလုပ်တဲ့ အမေရိကန် တစ်ယောက်က သူနေထိုင်မဲ့ နေရာသစ်လေးဆီ ကားအပြည့် တင်ထားတဲ့ သူ့ပစ္စည်းတွေကိုချ နေချိန်မှာ သူ့အိမ်းနီးနားချင်း တွေက တစ်ယောက်ပီး တစ်ယောက်ထွက်လာပီး ကျွန်တော့ကို မီးခြစ် ငှားလို့ရမလား ကျွန်မကို လွှငှားလို့ ရမလားနဲ့ အမျိုးမျိုး လားငှားကြတယ်တဲ့။

အမေရိကန်ကြီးကလည်း စစချင်းတော့ အင်းငါ ဒီဟာလေးတွေ ချပီးရင်ငှာပေးပါ့မယ် ပစ္စည်းလေးတော့ ပီးအောင်ချခွင့်ပေးပါလို့ တစ်ယောက်ပီး တစ်ယောက်ပြောသတဲ့။ ဒါပေမဲ့ လာငှားတဲ့ လူများလာတော့ စိတ်ထဲမှာတော့ ဘယ်နဲ့ ဒီလောက်တောင် အလိုက်မသိတဲ့ လူတွေ။ ကူမယ်တော့မရှိဘူးပေါ့ …..။ ဒါပေမဲ့ နောက်ကျမှ အမေရိကန်ကြီး ပြန်လေ့လာမိတာက အဲဒီလို ပစ္စည်းလာငှားတာဟာ သူတို့ ဓလေ့ထုံးတမ်းအရ ဆိုရင် လူသစ်ကို ကြိုဆိုတဲ့ သဘောတဲ့..။ ပြောချင်တာက နင်လိုရင်လဲ ငါတို့ဆီက ယူလို့ရတယ်ပေါ့….။ အဲဒီ ဓလေ့တော့ ချစ်စရာလေးနော် …. :D :P


လူယဉ်ကျေးတွေ
တစ်ခါတုံးက အီဂျစ်တိုင်းပြည်ကို ည၂ နာရီမှာ ခရီးသွားရင်း ရောက်လာတဲ့ Dutch လူမျိုးတစ်ယောက်ကို အီဂျစ်အိမ်ရှင်က Tea သောက်အုံးမှာလားလို့မေးသတဲ့။ Dutch ကြီးကလဲ အားနာနာနဲ့ သောက်မယ်ပေါ့။ မထူးတော့တာမို့ အိမ်ရှင်ကြီးက ပြင်ပေးရတာပေါ့..။ ဒါပေမဲ့ စိတ်ထဲကတော့ ဒီလောက်တောင် အထာမသိတဲ့လူဆိုပီး Tea ကြီးကို တစ်အား ခေါက်နေလိုက်တယ်တဲ့..။ ဧည့်သည်ကိုလဲ တစ်ယောက်ထဲ ထားခဲ့လို့မဖြစ်နဲ့ အဲဒီည မိုးလင်းသွားပါသတဲ့..။ မိုးလင်းတော့ သူ့အီဂျစ်သူငယ်ချင်းကို ပြန်ပြောပြပီး ဒီ Dutch ကြီးက ငတုံးကြီး ည၂ နာရီကို Tea သောက်ဖို့ခေါ်တာ သောက်တယ်ဗျာ… Dutch ကြီးကလဲ ဒီအိမ်ရှင် အလိုက်မသိဘူးကွာ… ညကြီးမင်းကြီး Tea သောက်ဖို့ ခေါ်တယ်လို့ပြန်ပြောသတဲ့..။

မှတ်ချက်။ ။ဧည့်သည်လာရင် Teaနဲ့ဧည့်ခံတာ အီဂျစ်ဓလေ့… Dutch တွေမှာတော့ အိမ်ရှင်က ကျွေးမွေးတာမစားရင် ရိုင်းတာတယ်တဲ့။

လာလာ အတူပြောမယ် ဒို့… စကား :D

စာသင်နှစ် အစမှာ နိုင်ငံတစ်ကာနဲ့ အမေရိကန်ကျောင်းသားတွေ အားလုံးပါဝင်တဲ့ ဒီလို အခန်းမှာ နိုင်ငံခြားနဲ့ အမေရိကန်ကျောင်းသား တွေတွေ့ကြုံနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးတဲ့ အချိန်မှာ အမေရိကကို အခုမှရောက်လာတဲ့ Pilipino တစ်ယောက်က သူ့အတွက်တော့ ဘာသာစကားက အခက်ခဲဆုံးပဲလို့ပြောတယ်။ တစ်ချို့ အမေရိကန်တွေက သူစကားပြောတာလဲ အရေးမပေးကြောင်း ပြောပါတယ်တဲ့။ အဲဒီတော့ အမေရိကန်ကျောင်းသူ တစ်ဦးထပြောတာတော့ ဟုတ်တယ် အမေရိကန်တွေရော နိုင်ငံတစ်ကာ ကျောင်းသားတွေပါ စကားပြောရင် ဖြေးဖြေး ပြောကြရင် ကောင်းမယ်။ ငါလဲ သူပြောတာ နားလည်သလိုလိုသာ နေရတာ သူပြောတဲ့ အထဲက ၅% ပဲ နားလည်တယ်တဲ့..။ ကဲ... ကောင်းကြသေးရဲ့လား :D :P

မှတ်ချက်။ ။စာသင်ခန်းမှာ တွေ့ကြုံ ပြောကြတဲ့ ရယ်စရာတွေ ပြန်မျှဝေတာပါ...။

16 comments:

Unknown September 11, 2008 at 9:26 PM  

အေးဟ... ရေးထားတာတွေက မှန်လဲမှန် ကောင်းလဲ ကောင်းတယ်။ ကျွန်တော်ရောက်ခါစက LAက ယောကျာင်္း၊မိန်မတွေ ညကြီးကို မျက်မှန်တက်ကြတာကို အရမ်းထူးဆန်နေတယ်။ သူတို့ပြောတဲ့ ရီစရာက လွဲရင် ကျန်တာ အကုန်ရီရတယ်။ အဲဒါလဲမှတ်မိနေတယ်ဗျာ.....
Birth Room ဆိုတာ အိမ်သာမှန်း သိကိုမသိဘူးဗျ...ဟီးးး
ရွာကိုလည်နေတာပဲ......

Taungoo September 11, 2008 at 10:15 PM  

ယဉ်ကျေးမှုတွေ မတူကြတော့လဲ နည်းနည်းတော့ လွဲတော့မပေါ့

Anonymous September 11, 2008 at 10:41 PM  

အဟဲ.. ရယ်သွားရတယ်.. ဖြစ်တတ်ပါတယ်နော့ :P

ရွှေပြည်သူ (ShwePyiThu) September 12, 2008 at 12:31 PM  

မ Apprenticeship ရေ... တကယ်ကို ဟာသလည်းမြောက် စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဟုတ်ပါတယ် တခါတခါ ကိုယ်ကြီးပြင်းလာတဲ့ အမိမြေရဲ့ ဓလေ့တွေပဲ အရိုးစွဲနေတော့ သူများတွေရဲ့နေရာက ကြည့်ပေးဖို့ မေ့မေ့နေတတ်ပါတယ်။ မျှဝေပေးတာ ကျေးဇူးပါနော်။ အသစ်တွေ စောင့်ဖတ်ရကျိုးနပ်သွားပါပြီး)

ရိုးမြင့်အောင် September 12, 2008 at 3:37 PM  

ရယ်လည်း ရယ်ရတယ်ဗျာ... ဗဟုသုတလည်း ရတယ်... ဆက်ရေးပါဦးဗျာ.. ထပ်ဖတ်ချင်သေးတယ်...

မေမိုးမခ September 13, 2008 at 6:14 AM  

အငှားဆိုင်ကိုသာဖွင့်ထားလိုက်တော့
တော်တော်ရယ်ရတယ်။
အဆင်ပြေပါစေ။

Mhaw Sayar September 13, 2008 at 1:11 PM  

နားလည်မှု အလွဲတွေထဲက ဟာသဖြစ်စရာလေးတွေပေါ့. ပေါ့ပါ့ပါးပါးနဲ့ ပဲ ဖတ်သွားလိုက်တယ်ဗျာ.

(ဒါထက်. right click ကို prevent လုပ်ထားတာ တစ်ခါတစ်ခါကျတော့ ကျွန်တော်တို့လို လူတွေ အတွက် အဆင်မပြေဘူးဗျ AP ရ. :) စိတ်ဝင်စားစရာ တွေ့လို့ဖြစ်ဖြစ်၊ ဒါမမဟုတ် လင့်ခ်တွဲထားတဲ့ စာမျက်နှာ တွေကိုဖြစ်ဖြစ် သွားချင်တဲ့ အခါ (နောက် Comment ရေးရတာ အပါအ၀င်ပေါ့) ကျွန်တော်တို့က များသောအားဖြင့် Right Click ကမှ တစ်ဆင့် Open with New Tab ဆိုတာကို သုံးပြီး ဖွင့်တာများတယ်လေ။ အခုတော့ Left click ပဲ လုပ်လို့ရတော့ တစ်ခါတစ်ခါ မူလစာမျက်နှာကို ပြန်ပြန်သွားနေရတာ အတော်တော့ ကသိကအောက် ဖြစ်စေတာ အမှန်ပဲဗျ။

တစ်ခုရှိတာကလည်း .. ကျွန်တော် ထင်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ Privacy ကို မတရား သဖြင့် ရယူသုံးစွဲချင်တဲ့ သူတစ်ယောက် အတွက်တော့ ဘယ်လိုပဲ ကာကွယ်မှုတွေ လုပ်လုပ် မထိရောက် နိုင်ဘူးလို့။ အထူးသဖြင့် အင်တာနက် ပေါ်မှာပေါ့။

ကိုယ့်ရဲ့ Personal ကို တိုက်ရိုက်နဲ့ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ Privacy မျိုးမဟုတ်ရင် လွယ်လွယ်ကူကူ ပေါ့ပါ့ပါးပါးပဲ လုပ်ထားပေးဖို့ ခင်ခင်မင်မင် အကြံပေးလို ပါတယ်ဗျာ။ ) :)

Apprenticeship September 14, 2008 at 12:20 PM  

ကိုမော်ဆရာရေ.. Comment အတွက်ကျေးဇူးပါ... Right Click ကို prevent မလုပ်ထားဘူး ဘာကြောင့်အဲလိုဖြစ်နေလဲတော့ သေချာနားမလည်ဘူး..။ AP ကကွန်သိပ်မကျွမ်းကျင်လို့ပါ.. ကျေးဇူးပြုပီး release လုပ်မဲ့နည်းလမ်းလေးပေးခဲ့ ပါလား.. ကိုမော်ဆရာရဲ့ .com ဖွင့်လို့မရဖြစ်နေလို့ ဒီမှာပဲ ရေးထားလိုက်ပါတယ်..

လာရောက်အားပေးတဲ့ သူငယ်ချင်းအားလုံးလဲ ကျေးဇူးနော်.. Blessing to you all.... :D :)

တားမြစ် ထားသော... September 15, 2008 at 4:20 AM  

စိတ်ဝင်စားစရာ။
နောက်ကိုလည်း မျှဝေပါအုံးနော်။ ဗဟုသုတလည်းရ၊ ပြုံးလည်းပြုံးရ။

လင်းဦး(စိတ်ပညာ) September 15, 2008 at 2:37 PM  

အခုလို ရယ်စရာတွေ မျှဝေတာ ကျေးဇူးဗျို့။ အဟဲ

ညမီးအိမ် September 16, 2008 at 11:56 AM  

ကိုမ ရေဒီလိုမျိုးလေးတွေစိတ်ဝင်စားတယ်ဗျ။ ဗဟုသုတလဲရ ပျော်လဲပျော်စရာလေး။ ဒီလိုလေးတွေများများရေးပေးပါနော်။

Unknown September 20, 2008 at 4:56 PM  

Tea သောက်မလား? :P

Anonymous September 23, 2008 at 2:45 PM  

Tea သောက်တဲ့ကိစ္စက ကျုပ်တို့မြန်မာလိုတော့ `အားနားပြီး ခါးပါကုန်တာ´ နေမှာပေါ့။

Shanghtin September 25, 2008 at 8:15 AM  

Dutch, kaw gaw dai hku re lam jaw dik, tea hte coffe gaw hkum sa san shana yup tung tim lu ma ai lani mi 6 lang lahta ram lu ma ai da law, mau hpa :) dai majaw manam du jang Dutch kung hpa kung shawng san la na she tea or coffe san yang grau kaja na re yaw, Grai mani ra ai lam ni hpe sa hti mat sai yaw, matut mung hti nga na re, thz QQQ

ရှင်သန်မှု September 30, 2008 at 10:57 AM  

ရေးထားတာတွေကဟာသဆိုပေမယ့်ဗဟုသုတရတယ်ဗျာ.

ဇင်ယော် October 11, 2008 at 12:54 PM  

သူကလည်း သူ့ ယဉ်ကျေးမှု မျက်မှန်ကြီး တပ်ပြီးကြည့်၊ ကိုယ်ကလည်း ကိုယ့်မျက်မှန်ကိုယ်တပ်ကြည့်တော့ ဟဲဟဲ သူက အဖြူမြင်ရင် ကိုယ်ကအမည်း၊ သူကအ၀ါ ဆို ကိုယ်ကအပြာ။ ဖြစ်တတ်ပါတယ်လေ။ အဟဲ ဒါနဲ့  တီးသောက်ပါဦး။ :)

The Creative Commons Attribution-No Derivative Works 3.0 Unported License.

လတ်တလော အတွေး

I felt it shelter to speak to you. ~Emily Dickinson

About this blog

I am Apprenticeship. I love Burma. News in Burma is my daily bread, and Change is what I long to hear for. I have two sides of friends. One group says the world is blue and another group says it is red. I see it as a reddish blue.

Don't ask what your country can do for you, but what you can do for your country, by John F. Kennedy


အမုန်းမရှိတဲ့ အိမ်

javascript:void(0)