စောင့်ဆိုင်းခံ မျှော်လင့်ချက်များ
စောင့်ဆိုင်းခံ မျှော်လင့်ချက်တွေ
ဘာတွေဖြစ်သွားတတ်လဲ အဖေ….။
မိုးရေတွေလို ငွေ့ရည်ဖွဲ့ ပြီး တိမ်တွေအသွင်ပြောင်းသွားလား?
ဒါမှမဟုတ်
တိမ်တွေလိုပဲ ရွှေ့ပါးရင်း မိုးရေအဖြစ် ရွာချတတ်လား?
ဒါမှမဟုတ်
လှိုင်းပုတ်ခတ်ဒဏ်တွေကြောင့် အသွင်ပြောင်းသွားတဲ့
ကမ်းခြေတွေလို ကွယ်ပျောက်သွားတတ်လား?
ဒါမှမဟုတ်
ပုပ်သိုးနေတဲ့ ကြက်ဥတွေလို နံစော်နေကြလား?
ဒါမှမဟုတ်
ကြက်ကင်တွေလို အနံ့မွှေးကြိုင် သင်းပျံ့ပြီး ဆွဲဆောင်တတ်ကြလား?
ဒါမှမဟုတ်
မျှော်လင့် ခြင်းဆိုတာ ဆွဲဆောင်အားကောင်းအောင်
အပေါ်ယံဖြူးထားတဲ့ နှမ်းတွေလောက် ပဲလား?
ဒါမှမဟုတ်
လေရှိန်ပြင်းပြင်းနဲ့ အပြစ်ကင်းသူကော မကင်းသူအားလုံးကို
ဝါးမျိုးတတ်တဲ့ ဆူနာမီနဲ့ နာဂစ်စ်တွေလို
အချိန်မတော် အငြိုးကြီးစွာ မွှေနှောက်တတ်လား?
ဒါမှမဟုတ်
ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲလွင့်စင်ပြီး
အကောင်အထည်ဖော်ခံရတတ်လား?
ဇူလှိုင် ၁၉ အမှတ်တရ