Posted by
Apprenticeship
at
Wednesday, December 17, 2008
အဖြူရောင်နတ်သမီးလေးတွေ မွန်းမံထားတဲ့ ခရစ္စမတ်သစ်ပင်တွေ္စ္စ
Photo by AP ကောင်ကင်သားများ သီချင်းဆိုစေ ငါ့ရင်မှာ ခရစ္စမတ်ခေါင်းလောင်းလေးတွေ သီးခတ်၊ကခုန်နေရဲ့။ ဒီဇင်ဘာဆိုတာ ကျွန်မအတွက်တော့ မွေးဖွားခြင်းနဲ့ ရှင်သန်မှုရဲ့ သင်္ကေတ။ လောဘ၊ရမက်တွေကြောင့် ညစ်ညမ်းနေတဲ့ ကမ္ဘာမြေတစ်ခုလုံးကို နှင်းပွင့်လိုဖြူစင်စေဖို့ ကောင်းကင်သားများ အဖြူရောင်ဝတ်ရုံ လက်ဆောင်ပေးတဲ့လ။ ရန်သူအချင်းချင်း အပြစ်လွှတ်ပြီး မေတ္တာသီးချင်းများ သံပြိုင်သီဆိုတဲ့လ။ ပူဆွေးသောက ရောက်နေသူအတွက် ကောင်းကင်တမန်များ တေးဆိုတဲ့လ။ သုန်ညတွေရဲ့ ပကတိတန်ဖိုးတွေ အရောင်လက်နိုင်ဖို့ မေရှီးယကိုယ်တိုင် ကမ္ဘာမြေကိုကြွဆင်းပြီး မေတ္တာတံတားခင်းခဲ့တဲ့ လမြတ်လေးပေါ့....။ ပျော်ရွှုင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတွေ ဆောင်ပေးခဲ့တဲ့ ဒီဇင်ဘာရေ... သင့်အပေါ်မှာ ကောင်းကြီးများနဲ့ ပြည့်စုံပါစေသော်...။
နွားညီနှောင်ခလောက်သံတွေနဲ့ အမေ့အိမ်ကိုလွမ်းမိတယ် :P Photo by AP *** သူငယ်ချင်းတွေအားလုံး ပျော်ရွှင်မှုအပေါင်း ခညောင်းပြီး မွေးဖွားလာတဲ့ မေရှီးယ ယူဆောင်ပေးခဲ့တဲ့ ခရစ္စမတ်လက်ဆောင်လေးတွေလဲ ရရှိပါစေ... အားလုံးကို ချစ်ခင်လေးစားလျှက် :) စာမေးပွဲတွေ မပြီးသေးတဲ့အတွက်ပါ မကြာခင် ဘလောက်တွေဆီ လာလည်ပါ့မယ်။ (နှင်းတွေကျနေတဲ့ ဒီဇင်ဘာနေ့ခင်းအတွက် ဒီကဗျာလေး ရင်မှာဖြစ်လာလို့ ရေးချမိတယ်။)
Posted by
Apprenticeship
at
Sunday, December 7, 2008
Posted by
Apprenticeship
at
Posted by
Apprenticeship
at
ထိုင်းနိုင်ငံမှာကျောင်းတက်ချင်တဲ့ သူတွေအတွက်ပါ. ပိုကြီးကြီးဖတ်ချင်ရင်ဒီမှာ click ပါ။ Heinrich Boell Foundation Scholarships
Posted by
Apprenticeship
at
Monday, December 1, 2008
ဒီလိုသတိနဲ့နေဖို့ပြောတဲ့ အခါ AIDS ဝေဒနာရှင်များကို ရှောင်ဖယ်သွားဖို့မဟုတ်ပါဘူး။ အမှန်တော့ ဝေဒနာရှင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအများကြီးလိုပါတယ်။ မိသားစုသူငယ်ချင်းတွေရဲ့ နားလည်ဖေးမမှုတွေ ကသူတို့အတွက်အားပါ။ AIDS ဝေဒနာရှင်များနဲ့ အတူနေထိုင်စားသောက်ခြင်းအားဖြင့် ရောဂါမကူးနိုင်ပါ။ အားလုံးသိ ပြီးသားဖြစ်မှာပါ။အကျဉ်းချုပ်အနေနဲ့သာသင်ပြလိုက်ပါတယ်။ AIDS အကြောင်းပိုသိလိုသူများ ဒီမှာ Click ပါ။ မြန်မာပြည် AIDS တစေ့တစောင်းကိုတော့ မအိခင်ရေးသားထားပါတယ်။ စိတ်ဝင်စားတဲ့ သူများသူ့ဘလောက် (ဒီ post) လေးကိုဖတ်ကြည့်ပါ။ Reference: The World Health Organization (WHO ) Baby Jesus picture from here. သူငယ်ချင်းတွေအားလုံး ဒီခရစ္စမတ်မှာ သခင်ခရစ်တော် ကျွန်မတို့အတွက်ယူဆောင်လာတဲ့ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ချစ်ခြင်း ဆုကျေးဇူးများနဲ့အတူ သူငယ်ချင်းတွေမျော်မှန်းထားတဲ့ ဘ၀မှတ်တိုင်တွေကိုလဲရရှိ နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတ ယ်။ ဆက်လက်ကြိုးစားပါအုံးမည်.. Apprenticeship