Note: If you haven't read Memorial Day (the last second post), please do read it first.
ဒီလို Memorial Dayကိုမြန်မာနိုင်ငံလဲ ရှိသင့်တာပေါ့.. စစ်သားဘ၀ မလွယ်ဘူးဆိုတာ ကျွန်မ ကောင်းကောင်း သိတယ်..။ အဖေက နိုင်ငံလွတ်လပ်ရေး အတွက်ရဲရဲရင့်ရင့် ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားကောင်း။ စစ်ရေး ကျွမ်းကျင်တဲ့ အဖေက တပ်မတော်ကပေးတဲ့ သူရဘွဲ့တွေ ရတဲ့အထိပေါ့..။ ဒါပေမဲ့ ကျွန်မက အဖေ စစ်တပ်က ပင်စင်ယူပြီး (အဖေ ၆၀နှစ်) မှမွေးလာတာဆိုတော့ အဖေ့စစ်သားဘ၀ကို လက်တွေ့မမြင်လိုက်ရဘူး။ ပြီးတော့ အဖေကနောက်ပိုင်း သူ့ရဲ့စစ်သားဘ၀ကို မေ့ထားချင်ပုံရတယ် ကျွန်မကိုသိပ်မပြောပြဘူး။ ကျွန်မ ကိုယ်တိုင် လဲငယ်သေးတော့ စိတ်မ၀င်စားခဲ့ဘူး ဒါပေမဲ့ ဖေ့ကို ကောင်းကောင်း နားလည်တဲ့ကျွန်မက အဖေ မပြောတဲ့ အဖေ့ဘဝရဲ့ခံစားမှုတွေ နားလည်နေခဲ့တာပါ။
တကယ်တော့ စစ်သားဟောင်းတွေအတွက် counselors နဲ့ psychologists တွေက အရမ်းအရေး ကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု့ အများကြီး လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်နိုင်ငံ အတွက်ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့် ဖြစ်ဖြစ် လူသတ်တယ်ဆိုတာ လူတိုင်းမှာရှိတဲ့ (human nature) ပင်ကိုယ် အကောင်းတာ ကို မြတ်နိုး၊ လုပ်ချင်တဲ့ စိတ်က ကောင်းကောင်းကြီး ဆန့်ကျင်နေတာလေ။ စစ်သားတစ်ဦးအနေနဲ့ စစ်မြေပြင်မှာ ရန်သူကို သတ်တာလဲ အမှန်တရားဘက်ကနေ မှားနေတဲ့ အမှားတွေပေါ့…
ဒီလို စစ်မြေပြင်တွေမှာ ပါဝင်ခဲ့တဲ့ စစ်သားတွေမှာ မိမိကိုယ်မိမိ အပြစ်မြင်နေတာမျိုး မိမိကိုယ်မိမိ ခွင့်မလွတ်နိုင်တာမျိုးတွေ ဖြစ်တတ်လို့ပါ။ မြန်မာနိုင်ငံမှာတော့ ဒီလို counseling services ကို စစ်တပ်ထဲမှာရှိလား မရှိဘူးလား ကျွန်မ မသိဘူး။ ရှိမယ်လို့ မျော်လင့်ပါတယ်။
ဒါပေမဲ့ အငြိမ်းစား စစ်သားဟောင်းတွေ အတွက်မရှိတာတော့ သေချာတယ်..။ ဖေဖေ ကိုယ်တိုင်တော့ ဘုရားရိပ်ခိုပေါ့…။ ကျမ်းစာတွေဖတ် ဆုတောင်းခြင်းတွေက အဖေ့အတွက် counseling sections နဲ့ ခွန်အားဖြစ်စေခဲ့တယ်လေ.. ဒါနဲ့ အဖေမကွယ်လွန်ခင် ၅ နှစ်အလို သူ့ရဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာ ဆုတောင်းစရာတွေ ကြော်ငြာဘို့ထလာတဲ့ အဖေ ဘာမှမပြော နိုင်တော့ပဲ ပရိတ်သတ်အလည် ရိုက်ကြီးတငင် ထငိုနေတာ ခုထိ ကျွန်မမျက်စိထဲ့က မထွက်ဘူး..။ အဖေငိုတာ ဒီတခါတာ ကျွန်မ တွေ့ဘူးတာလေ..။
ကျွန်မအဖေ့ကို သနားလိုက်တာ မဖော်ပြတတ်အောင်ပဲ..။ ကျွန်မဆီမှာရှိတာ အားလုံးနဲ့ အဖေ့ ပျော်ရွင်းခြင်းတွေ လဲလိုက်လို့ရရင် လြဲပီး အဖေ့ကို ပေးလိုက်ချင်တယ်။ ဒါပေမဲ့ အဖေဖြစ်နေတာက Remorse လေ.. မြန်မာလိုတော့ ဘယ်လိုခေါ်မလဲ နောင်တပေါ့နော်.. ဒါပေမဲ့ ရိုးရိုးနောင်တထက် နဲနဲပိုမယ်။ တမြိုက်မြိုက် ခံစားနေရတာမျိုး..။ ကျွန်မအပြင် ကျွန်မအစ်မတွေရော ငိုနေတော့တာလေ …။ အကိုကြီးတွေတော့ ယောက်ျားတွေမို့လား မသိဘူး မငိုဘူး.. ဒါပေမဲ့ တိတ်ဆိတ်နေလိုက်တာ….။ ဆုတောင်းစည်းဝေး ခေါ်ထားတဲ့ အမျိုးတွေနဲ့ ဧည့်သည်တွေရော သင်းအုပ်ဆရာပါမကျန် ငြိမ်နေလိုက်တာ အပ်ကျသံတောင် ကြားရတယ်..။
ကျွန်မအဖေ့အတွက် တခုခု လုပ်ပေးချင်နေလိုက်တာ မဖေါ်တတ်နိုင်လောက်အောင်လေ....။ အဖေ့ရှိုက်သံနဲ့ တိတ်ဆိတ်မှုကြီးက ကျွန်မကို တုန်လှုပ်စေခဲ့တယ်..။ အဲဒီတိတ်ဆိတ်မှုကိုလဲ ဖြိုခွဲပစ်ချင်တာ။ အမေများ တစ်ခုခုလုပ်နိုင်မလားလို့ အားကိုးတကြီး လမ်းကြည့်တာ အမေကလဲငိုလို့။ အဖေက အမေ့အတွက် အမြဲတမ်း မဟာတံတိုင်းကြီးလေ။
အမေ့ကောင်းကင် ဖေဖေကြီးက အုပ်မဲနေတော့ မေမေငိုအား သန်နေတာကျွန်မအပြစ် မဆိုချင်ဘူး..။ ကျွန်မ အဖေ့ မျက်နှာကို အားပေးနားလည် ချစ်ခြင်းပြည့်တဲ့ (မျက်ရည်တွေ ဝေနေတဲ)့ မျက်ဝန်းတွေနဲ့ ကြည့်နေတော့တာပေါ့..။ ဒီနေ့ ပြန်တွေးရင်တောင် စိတ်မကောင်းဖြစ်ဆဲ။
ခဏကြာတော့ ဖေဖေကပဲ အငိုလျှော့ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်… အသံတွေက တုန်ရီစွာနဲ့ ဆုတောင်းစရာတွေ တင်လျှောက်နေတာလေး။ အဖေကပြောတယ် သူ့စစ်သား ဘ၀မှာ လူတွေအများကြီး သတ်ခဲ့တယ်တဲ့..။ သတ်ခဲ့တာက နိုင်ငံတော် ကာကွယ်ဘို့နဲ့ သူ့ကျွန်ဘ၀က လွတ်မြောက်အောင် လုပ်ခဲ့တာမှန်တယ်။
တရားဥပဒေ ဘောင်ကနေကြည့်ရင်တော့ အပြစ်မရှိဘူးတဲ့..။ ဒါပေမဲ့ လူသတ်တာကသတ်တာတဲ့..။ အဲဒီအတွက် အဖေ့အပြစ်တွေ ဘုရားသခင် ခွင့်လွတ်ပြီး သူ့မျိုးဆက်မှာလဲ ဒီအပြစ်တွေ မကျန်အောင် ဆုတောင်းပေးဘို့ သင်းအုပ်ဆရာကြီးဆီမှာ တင်လျှောက်တယ်..။ ရဲရဲတောက် စစ်သည်တော်က ကြည်တောင့် မမှန်ပဲ အမှန်တရား တွေ့မြင်ခြင်းရဲ့ ပစ်မှတ်မှာ ကျဆုံးနေခဲ့တာပေါ့နော်....။ ဒီလိုနဲ့ အုပ်ဆရာက ဘုရားသခင်ဆီ ဆုတောင်းပေးပြီး အဖေ့မွေးနေ့ကို ၀မ်းနည်းစွာနဲ့ကျင်းပဖြစ်ခဲ့ကြရတာ.. ခုထိမြင်ယောင်တုံး။ နိုင်ငံလွတ်လပ်ရေးအရယူ သက်စွန့်ကြိုးစားခဲ့ကြတဲ့ စစ်သားတွေအတွက် အစိုးရကတာဝန်ယူ ရမှာပါ.....။
ဒါပေမဲ့ ခုလက်ရှိ မြန်မာနိုင်ငံမှာတော့ အငြိမ်းစား စစ်သားတွေကော လက်ရှိတာဝန် ထမ်းဆာင်နေသူတွေပါ လခမလောက်တဲ့ ဒဏ်ကိုကောင်းကောင်း ခံနေရတယ်လေ။ counseling section တွေကဝေးပေါ့..။ အခွင့်အာ ဏာပိုင်တွေနဲ့ နီးစပ်သူတွေကလွဲရင် စစ်သားတွေလဲ ဒုက္ခခံနေရတယ်.. ဒီကြားထဲ ပြည်သူတွေရဲ့ မနှစ်သက် ဟန်တွေကို စကားနေနဲ့ရော အပြုအမူတွေနဲ့ပါ ခံနေရတယ်..။ တကယ်တော့ ဘယ်သူဘာမှ မပြောခင်က ကိုယ့်ရဲ့ရွေးချယ်မှုပေါ် စိတ်ဒွဟ ဖြစ်နေသူတွေလဲ ပါမှာပေါ့..။ မျက်လုံးစုံလုံးကမ်း မိုက်နေတဲ့ စစ်သားတွေက လွဲရင်လေ...။ အနဲစုတွေပါ..။ တကယ်တော့ စနစ်မကောင်းတခုရဲ့ ဒဏ်ကို အားလုံး ခံနေရတဲ့အချိန်မှာ နားလည်မှု၊ ဖေးမမှုတွေနဲ့ ခရီး ဆက်ကြရင်ကောင်မယ်...။ ဒါမှလဲ ကျွန်မတို့ မျော်လင့်တဲ့ ပြောင်းလဲမှုတွေ တကယ်ဖြစ်လာမှာပါ။ တစ်ယောက်နဲ့ တစ်တယာက် လက်ညိုးထိုး အပြစ်တင်နေတာထက် အတူလက်တွဲပြီး ဘယ်လို အောင်ပွဲခံမလဲဆိုတာ စဉ်းစား အဖြေရှာကြရင် ပိုကောင်း မယ်လို့အဆိုသွင်းချင်ပါတယ်..။
ဒါပေမဲ့ ကွဲလွဲမှုရဲ့ လှပမှုကို ကျွန်မလေးစား မြတ်နိုးပါတယ်.. အကျိုးအကြောင်း ဆီလျော်နေမယ်ဆိုရင်ပေါ့…။
P.S - Post တင်ဘို့နောက်ကျသွားတဲ့ အတွက် တောင်းပန်းပါတယ်....။ Summer အလုပ်က အတော့်ကို ပင်ပန်းလို့ Blog ကိုပစ်ထားသလိုဖြစ်သွားတယ်.. ခွင့်လွတ်ပါနော်... Have a great summer to you all......

12 comments:
အဖေမှားနေ့ မှာ လေးစားဂုဏ်ယူဖွယ် ဖခင်တစ်ယောက်အကြောင်းကို လာရောက်ဖတ်ရှုသွားပါတယ်.. မည်သို့ ဆိုစေ လေးစားဂုဏ်ယူဖွယ်ရာပါပဲ..
လေးစားပါသည်။
[ရဲရဲတောက် စစ်သည်တော်က ကျည်တောင့် မမှန် ပဲအမှန်တရား တွေ့မြင်ခြင်းရဲ့ ပစ်မှတ်မှာ ကျဆုံးနေခဲ့တာပေါ့နော်....]
သိပ်ကောင်းတဲ့ စာသားပဲဗျာ... အမရဲ့ အဖေအတွက် လေးစားပါတယ်ဗျာ...
APရေ အငြိမ်းစားတွေတင်မက လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သူငယ်ချင်းတွေ၊ အသိ မိတ်ဆွေတွေ ခံစားနေရတာ လက်တွေ့ မျက်တွေ့ဟ။ စာမျက်နှာတွေပေါ် တင်ရင် မကောင်းလို့ နောင်များ ကြုံရင် နာမည် ရာထူးနဲ့ ပြောပြမယ်။
မြန်မာပြည်က နအဖ ကြီးကြီး MASTER များနဲ့ပါတ်သတ်တဲ့ နေရာတကာလျှောက်လည်ထွက် ဂျိုးတန်းလန်းနဲ့ ကိုဖိုးကွက်ခေါ်စိုးထက် နှင့် လိုးသမျှခံမယ့်ကြက်ဖင် စိုးမြနန္ဒာသက်လွင် တို့အား ဒီနေရာကနေ“လုံးဝရှုံ့ချပါတယ်”။
သငယ်ချင်းရေ
တကယ့်လက်တွေ့ဘဝ ဖြစ်ရပ်မှန်တွေ တစ်စိတ် တစ်ဒေသ လှစ်ဟပြသွားတဲ့အတွက် ဖတ်ရတာ ပီတိဖြစ်ရတယ်။
အသေအချာ ကိုယ်တိုင်ကိုယ်ကျ ခံစားဖတ်ရှုသွား ပါသည်ခင်ဗျား။
ကျေးဇူးပါ ဒီပို့စ် အတွက်။
I really enjoy reading this post. Hti taw nga let ngai dai aten hpe myi kaw shing ran mu taw ai. Ahpau madu Yesu na makau kaw grai ngwi pyaw ai hte anhte hpe yu taw na re ngu hpe kam ai. Keep it up with your writing!
အဖေများအားလုံး ကျန်းမာချမ်းသာ ကြပါစေ။
“ကွဲလွဲမှုရဲ့ လှပမှုကို ကျွန်မလေးစား မြတ်နိုးပါတယ်.. အကျိုးအကြောင်း ဆီလျှော်နေမယ်ဆို
ရင်ပေါ့…” ဆိုတဲ့ စကားလေးကို အရမ်းသဘောကျမိပါတယ်။ သိပ်ကောင်းတဲ့ပို့စ်လေးပါ မ Apprenticeship ရေ။ ဖတ်ပြီး တွေးစရာတွေ ကျန်နေခဲ့ပါတယ်...
ကိုယ့်အဖေလဲ ဒီလိုပါဘဲ..။
ဖတ်သွားတာကြာပြီ
ခုမှ comment ရလို့
ဖတ်ရတာ စိတ်မကောင်းဘူး
အားလုံးငြိမ်းချမ်းပါစေနော်
အခုမှ ကွန်မင့်ရေးဖြစ်တယ် မသက်ဇင် ဖခင်ရဲ့ကျေးဖူးကိုလည်း
ပို့စ်လေးဖတ်ပြီးပိုသတိရမိတယ်။
ခင်မင်လျက်
မသက်ဇင်
Post a Comment